9
8
6
5
4
2
1
v

ဤခရီး မနီးမဝေးပါ (၁၅)

ယဉ်ကျေးမှုမြို့တော် မဲလ်ဘုန်းမြို့

(၁၄၊ ၁၅၊ ၁၆၊ ၁၇ ရက် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့၊)

  ၁၈၃၅ ခုနှစ်က တည်ထောင်ခဲ့သော မဲလ်ဘုန်းမြို့တော်သို့ ယနေ့နေ့လည်တွင် ဦးဇနိတနှင့် အတူရောက် ရှိခဲ့ပါပြီ။ ဤမြို့လည်ခေါင်ကိုဖြတ်၍ ဦးဇနိတကျောင်းတည်ရှိရာကျောင်းသို့ လာကြိုသော ကားကို စီးခဲ့ရပါ သည်။ တစ်နာရီခန့်မောင်းပြီးသော်ကျောင်းနေရာသို့ရောက်ခဲ့ပါသည်။ သို့သော်ကျောင်းသို့ မ၀င်သေး ဘဲကျောင်းမြေနေရာသစ်ကို ကြည့်ရှုရန် အတွက် ကားကိုဆက်မောင်းခဲ့ကြပါသည်။ ဧက၀က်ခန့်ရှိသော ဤမြေနေရာသည် အဆောက်အဦးနှင့်တကွ ကာလတန်ဖိုး သြစတေးလျဒေါ်လာ ရှစ်သိန်းခန့်ပေးရမည်ဟု သိရပါသည်။ ထိုဝယ်ယူရန် လျာထားသောကျောင်းမြေနေရာနှင့် အဆောက်အဦးကို ကြည့်ပြီးနောက် ဦးဇနိ တသီတင်းသုံးနေဆဲကျောင်းသို့ ညနေပိုင်းတွင်ရောက်ခဲ့ပါသည်။ ဤကျောင်းသည် ယခင်က သီရိလင်္ကာရ ဟန်းတော်များနေထိုင်ခဲ့သည့်ကျောင်းကို ၀ယ်ယူခဲ့ခြင်း ဖြစ်သည်ဟုသိရပြီး ဦးဇနိတသည် မြန်မာကျောင်း၏ ဒုတိယမြောက် ရဟန်းတော်ဖြစ်ပါသည်။ ဤကျောင်းရောက်သော်နှစ်ရက်ခန့် ဘယ်မှမလည်ဖြစ်ပဲကျောင်း တွင် စာဖတ်နေခဲ့ပါသည်။ ဖတ်ဖြစ်သည့်စာမှာ မဟာသမယသုတ်တော် အစုံဖြစ်ပါသည်။ မဟာစည် ဆ ရာတော်ကြီးသည် ဤတရားတော်များကိုဟောကြားပြီး စာအုပ်အဖြစ်လေးအုပ်ထုတ်ဝေထားပါသည်။ ထိုစာ အုပ်လေးအုပ်တွင်တစ်အုပ်စီ၏ နိဒါန်းကို မဟာစည်ဆရာတော်၊ရွှေတောင်ကုန်း ဆရာတော်၊မြန်အောင် ဆရာတော်၊ ပဲခုးကြခတ်ဝိုင်းဆရာတော်တို့ကရေးသားထားပါသည်။ မဟာသမယသုတ်တော်သည် ငြိမ်း ချမ်းရေး၏ အသီးအပွင့်ဖြစ်သော အကျိုးရလာဒ်ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ဒေ၀ဒဟနှင့် ကပိလမြို့များမှ စစ်သားတစ်ဖက်နှစ်ရာငါးဆယ်စီကို ရဟန်းပြုစေခဲ့ပြီး အားလုံး ရဟန္တာဖြစ်ကြသောအခါ မဟာဝုန်တောကြီး အတွင်းတွင်ဟောကြားအပ်သော တရားဒေသနာတော်ဖြစ်ပါသည်။ ဤသုတ်ဟောကြားချိန်တွင် တရားနာ ယူရန်ရောက်လာကြသော နတ်ပရိတ်သတ် အပေါင်း၏ နာမည်များကိုခေါ်တော်မူထားသဖြင့် နတ်ချစ် သုတ္တန်ဟုလည်း ခေါ်ဝေါ်ကြပါသည်။ နယုန်လပြည့်နေ့တွင် ရွတ်ဆိုလေ့ရှိသော သုတ္တန်တစ်ခု ဖြစ်ပေသည်။ ဤငါးရာသော ရဟန်းတော်တို့သည် ရဟန်းမပြုမီ တစ်ချိန်ကကောက်ပဲသီးနှံများရှင်သန်စေရန်ရေကို အကြောင်းပြု၍တစ်ဖက်နှင့်တစ်ဖက် သတ်ခါနီးဆဲဆဲ အခြေအနေတွင် ရှိခဲ့သည့် ရန်ဖက်များဖြစ်ခဲ့ ကြပေသည်။ အချိန်မီကြွတော်မူလာခဲ့သော ဘုရားရှင်၏ ညီညွတ်ရေးဟောကြားမှုကြောင့် ရန်များရပ်စဲခဲ့ရုံ သာ မျှမက ရဟန်းတော်များဖြစ်ခဲ့ကြကာ ရဟန္တာဘ၀အထိပင် ရောက်ခဲ့ကြပေသည်။

Read more...

ဤခရီး မနီးမဝေးပါ (၁၄)

ဟင်္သာမြစ်ပေါ်က အလင်းရောင်မြို့တော်

(၁၁၊ ၁၂၊ ၁၃၊ ရက် သောကြာ၊စနေ၊တနင်္ဂနွေနေ့များ၊)

  ယနေ့စောစောပင် အိပ်ယာထသော်လည်း စာရေးသူထက် ၀ီရိယကောင်းသော ဦးနန္ဒိယနှင့်လေ ဆိပ်လိုက်ပို့ပေးမည့် မသီတာတို့က ပိုပြီးအဆင်သင့်ဖြစ်နေခဲ့ကြပါသည်။ နံနက်အရုဏ်ဆွမ်း ကိုလေ ဆိပ်ရောက်ခါမှဆက်ကပ်မည်ဟုပြောဆိုထားသဖြင့် ဘုရားဝတ်ပြုပြီးသော မသီတာ၏ ကားပေါ်သို့ တက်စီး ပြီးလေဆိပ်သို့ထွက်လာခဲ့ကြပါသည်၊ ဦးနန္ဒိယကျောင်းနှင့် ဆစ်ဒနီလေဆိပ်သည် မိနစ်နှစ်ဆယ်ခန့် ကားမောင်းချိန်ယူရသည်ဟုဆိုသော်လည်း ထိုနေ့က နာရီဝက်ကျော်ကြာခဲ့ပါသည်။ ကားမောင်းနှေး၍လည်း မဟုတ်သည့်ပြင် ကားလမ်းတွင်လည်း ယာဉ်ကြောပိတ်ဆို့ဤမှု မဖြစ်ခဲ့ပေ။လေဆိပ်ရောက် ခဲ့သော်လေ ယာဉ်ထွက်ရန် နာရီဝက်စွန်းစွန်းမျှသာလိုတော့သဖြင့် အရုဏ်ဆွမ်းကိုပင် မဘုဉ်းပေလိုက်ရတော့ ဘဲလေ ယာဉ်ပေါ်တက်ခဲ့ရပေသည်။ လိုက်ပို့ကြသော ဦးနန္ဒိယနှင့် မသီတာတို့လည်းလေဆိပ်တွင်းသို့ မ၀င်ခဲ့ တော့ဘဲလေဆိပ်အပြင် ဂိတ်တွင်ပို့ပြီးနုတ်ဆက်ပြီးပြန်ထွက်သွားခဲ့ ကြပါသည်။ ယနေ့အိပ်ယာ ထစော လှသည်ဟု ထင်ခဲ့သော်လည်း လက်တွေ့တွင်လေယာဉ်ကိုမှီရုံ အချိန်မျှ သာလေ ဆိပ်သို့ရောက် ခဲ့ပါသည်။ ဗာဂျင်အဲယားလိုင်းကိုစီးပြီး အလင်းရောင်မြို့တော်ဟုခေါ်သည့် အနောက်ပိုင်းပြည်နယ်မြို့တော် လူဦးရေ တစ်သန်းကျော်မျှသာရှိပြီး သြစတေးလျ၏ စတုတ္ထမြောက် လူဦးရေအများဆုံးမြို့ဖြစ်သည့် ပါးသ်မြို့တော် သို့ လေယာဉ်စီးခဲ့ရပေသည်။

 ဆစ်ဒနီမြို့မှ ပါးသ်သို့လေယာဉ်ပျံသန်းချိန်လေးနာရီကျော်ဖြစ်ပြီး မြို့နှစ်မြို့၏ကြား အချိန်ခြား နားချက် မှာနှစ်နာရီတိတိဖြစ်ပါသည်။ ဤနိုင်တွင်လေယာဉ်လိုင်းသုံးလိုင်းရှိရာ ဒုတိယမြောက်ဈေး ချိုသောလေယာဉ် လိုင်းကိုစီးခဲ့ရသည်ဖြစ်သော်လည်း လေယာဉ်ခမှာ ဒေါ်လာ ငါးရာပါသည်။ ပထမ ဈေးချိုသော လေယာဉ်မှာ ဂျက်စတားဖြစ်ပါသည်။ တတိယလေယာဉ်လိုင်းမှာ ကွန်တာ့စ်ဖြစ် ပြီးပြည်တွင်းလေယာဉ် လိုင်းစီးပါကလေ ယာဉ်ပေါ်တွင် အခမဲ့အစားအသောက်ကိုကျွေးပါသည်။ ကျန်သော လိုင်းနှစ်ခုက ၀ယ်စားသော်ရပြီး အခမဲ့ကျွေးမွေးခြင်းမရှိပါ။ ဤယခုရောက်မည့် မြို့တော် ပါးသ်၏ လူဦးရေမှာ မြန်မာပြည် မန္တလေးမြို့တော်၏ လူဦးရေ ပမာဏမျှသာ ရှိပေသည်။ လေယာဉ် ပေါ်တွင် အရုဏ်စာကိုမှာယူပြီး စားသောက်ခဲ့ရာ တစ်ဆယ့် ငါးဒေါ်လာခန့်ကုန်ခဲ့ပါသည်။လေယာဉ်သည်စောစောလေယာဉ်ဖြစ်သဖြင့် ရုံးတက်ချိန်လေယာဉ် စီးသည် ထက်ဈေးလည်းပိုပြီး သက်သာခရီးသည်လည်းချောင်ချိခဲ့ပြီး ပါစင်ဂျာနည်းသဖြင့် အိပ်လျက်ပင် စီးနိုင်ခဲ့ ပေသည်။လေးနာရီကျော်ကြာသဖြင့် လေယာဉ်ပေါ်မှ သတင်းစာနှင့် မဂ္ဂဇင်းတို့ကို ဖတ်မိလေရာ ပါးသ်သည် ကမ္ဘာပေါ်တွင် လူတစ်ဦးချင်း ၀င်ငွေအမြင့်ဆုံးမြို့တော်ဖြစ်ပြီးလေကောင်းလေသန့်ရသော မြို့တစ် မြိုဖြစ်သည်ဟုလည်း ဖတ်ရပါသည်။ ဤနေ့၏ မကြာမီပင် ပါးသ်သို့ရောက်ပေတော့မည်။ ၁၈၂၉ ဇွန်၁၂နေ့ တွင် မြို့တည်သည်ဟုဆိုပေရာ (အုဋ္ဌ်ကျစ်ကျော်အေး၊ ၁၂၂၁ခုနှစ်) မန္တလေးမြိုတည်သည်ထက် နှစ်ပေါင်း တစ်ဆယ်နောက်ကျပြီး ယခုအခါနှစ်ပေါင်း တစ်ရာလေးဆယ့်နှစ် ရှိပြီဖြစ်ပေသည်။လေဆိပ်မှာမူ သာမန်စီကလပ်အဆင့်မျှသာရှိပြီး သြစတေးလျတွင် အညံ့ဆုံးလေဆိပ်တွင် ပါဝင်ပြီး ကမ္ဘာတွင် အဆင့်တစ် ရာ့နှစ်ဆယ်မြောက်ဖြစ်သည်ဟု သိရပါသည်။လေဆိပ်တည်ထောင်သည့်နှစ်ပေါင်းက လည်းနှစ်ပေါင်း ရှစ်ဆယ်ပြည့်တော့မည်ဖြစ်ပေရာပြုပြင်မှုအကြီးစားမပြုလုပ်သဖြင့်ခေတ်မမီတော့ပေ။ သို့သော် စာရေးသူ၏ အမြင်မှာမူကားထားသည့်နေရာ ကွင်းပြင်ဖြစ်သည်မှလွဲ၍ အတော်ပင် သန့်ရှင်း သပ်ယပ် သည့်  လေဆိပ်တစ်ခု ဖြစ်နေလျက်ရှိပေသည်။

Read more...

ဤခရီး မနီးမဝေးပါ (၁၂)

ဆစ်ဒနီမြို့ အသောကကျောင်း နှင့် သာသနဓဇကျောင်း

(၇၊ ၈၊ ၉၊ ၁၀၊ရက် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနေ့များ၊)

 ယနေ့ညနေပိုင်းတွင် ဆရာတော်ဦဓမ္မာစာရနှင့်အတူ ဆစ်ဒနီလေဆိပ်သို့ပြန်ရောက်လာခဲ့ပါသည်။ လာကြိုသောမိသားစုမှာ သမီးငယ်လေးနှင့်ဖြစ်ပြီး ရခိုင်အမျိုးသား၊ အမျိုးသမီးများဖြစ်ကြပေသည်။ ကား သည် အလုပ်ရုံမှပြန်လာသောကားဖြစ်သဖြင့် ပစ္စည်းများနှင့်ပြည့်နှက်နေခဲ့ပါသည်။ ဆရာတော် တစ်ပါး တည်းကြွလာမည်ဟုမျှော်လင့်ထားခဲ့ပုံ ရပေသည်။နှစ်ပါးကြွလာသော အခါနေရာ အခက်အခဲဖြစ်သဖြင့် ပစ္စည်းများကို စနစ်တကျပြန်စီမံခဲ့ရပေသည်။ သမီးငယ်လေးကိုနောက်တွင် ထားပြီး အလယ်တန်းမှ စာရေး သူနှင့် ကားမောင်းသူ၏ဇနီး ရှေ့မှဆရာတော်နှင့် ကားမောင်းသူတို့ ဖြစ်ကြပေသည်။ အသောကကျောင်းသို့ တိုက်ရိုက်ပင်မောင်းခဲ့သော်လည်းတစ်နာရီခန့်စီးခဲ့ရပြီး လမ်းတွင် စကားပြောကြရင်းမှ စင်ကာပူတွင်နေ ထိုင်သောမိတ်ဆွေဦးသုပ္ပိယနှင့် ရင်းနှီးသူများဖြစ်ကြသည်ဟု သိရပါသည်။ ဤညတွင် အသောကာ ရုံကျောင်းတွင် တည်းခိုဖြစ်ပါသည်။နောက်တစ်နေ့ တွင်လည်း ဤကျောင်းတွင်ပင်တည်းခိုပြီး အပြင်သို့ လည်း လမ်းမထွက်လျောက်ဖြစ်ခဲ့ပေ။ပေးထားသော အခန်းတွင် ကွန်ပျူတာရှေ့တွင်ထိုင်ပြီး နမက္ကာရဋီကာ ကိုလေ့ လာဖြစ်ခဲ့ပါသည်။ စာရေးသူ ငယ်စဉ်က အလွတ်ကျက်ခဲ့ဖူးသော ဤဘုရားရှိခိုးစာများ၏ စာမျက်နှာ ၂၁၀ရှိဋီကာရှိသည်ဟု ဆရာတော်များကလည်း မပြောခဲ့ စာရေးသူလည်း ယခုမှတွေ့ဖူးရပေသည်။ ထိုဋီကာ ကို မန္တလေးမြို၊မိုးကောင်းကျောင်းတိုက်ညောင်ရမ်းကျောင်းတိုက် ဆရာတော်ကြီး ဦးရေ၀တမှရေး သားသည်ဟုနိဂုံးတွင်ဖေါ်ပြထားပါသည်။ ထိုအဖွင့်ကိုကြည့်ပြီး ဂါထာပေါင်း (၃၁) ပုဒ်ရှိ နမက္ကာရဘုရား ရှိခိုးဂါထာများမှ တစ်ပုဒ်အပါဝင်ဖြစ်သောယောဇိနော အနေကဇာတိယံဂါထာကို သြစတေးလျတွင် တရား တစ်ပုဒ်အဖြစ်ဟောကြားခဲ့ပါသည်။ ဆရာကြီး ဦးဂိုအင်ကာ၏ တိပိဋကစီဒီပြားတွင်တွေ့ရပါသည်။ တစ်ဖန် အိန္ဒိယနိုင်ငံကျောင်းသားများအဖွဲ့မှနှစ်စဉ်ထုတ်ဝေသော မဂ္ဂဇင်းများကိုလည်း ဖတ်ဖြစ်ခဲ့ပါသည်။ ယခုအခါ တွင်ကိုးကြိမ်မြောက် ထုတ်ဝေပြီးပြီဟု သိရပါသည်။ စာရေးသူသည်နှစ်ပတ်လည်နှစ်ခုတွင် အင်္ဂလိပ်ဆောင်း ပါးတစ်နှစ်လျှင် တစ်ပုဒ်စီကို ဘာသာဗေဒ အကြောင်းနှင့်စပ်ပြီးရေးသားခဲ့ဖူးပါသည်။ဆောင်းပါးနာ မည်များ မှာ Unity and informity through education နှင့် crossing the boundary of language တို့ဖြစ်ပါသည်။ ဤကျောင်းရှိ ဆရာတော်နှစ်ပါးသည် ခင်ခင်မင်မင် ရှိလှပြီး စာရေးသူအပေါ် နွေးနွေးထွေးထွေး ရှိခဲ့ပါသည်။ ဤအသောကကျောင်းတိုက်ကို လွန်ခဲ့သော သုံးနှစ်ခန့်က ဒကာ၊ဒကာမျာက စုပေါင်းတည်ထောင်ခဲ့သည်ဟု သိရပါသည်။ ဆရာတော်ကကျောင်းကို ဓာတ်ပုံရိုက်နေသော စာရေး သူကိုသေသေချာချာရိုက်သွားဟု ပြုံးရွှင်စွာမိန့်တော်မူခဲ့ပါသည်။ကျောင်းတွင် အလွန်ကြီးမား လှသော ဘုရားပလ္လင်တော်ကြီးကိုတွေ့ရပြီး ပင်လုံး ကျွတ်ပွင့်နေသော ပန်းပင်များကို တွေ့ရသည်မှာ လည်းစိတ်ကြည်နူးမိပါသည်။

Read more...

ဤခရီး မနီးမဝေးပါ (၁၂)

တရားမိုးနှစ်ခါရွာ ဘရစ္စဘိန်းမြို့တော်မှာ

(၂၀၁၁၊ ၁၁၊ ၅-၆-၇ ရက် စနေ၊တနင်္ဂနွေနေ့များမှ တနင်္လာနေ့အထိ)

  မနေ့ညပိုင်းကဤ ဘရစ္စဘိန်းမြို့သို့ ကထိန်တရားဟောရန်အတွက် ဒုတိယတစ်ကြိမ်ရောက် လာခဲ့ ရပေသည်။ ယခုစနေနေ့နံနက်ပိုင်းတွင် ဘရစ္စဘိန်းဇေတ၀န်ကျောင်းတွင် ကထိန်ပွဲပေတည်း။ လွန်ခဲ့သော ဆယ်နှစ်ကျော် ဘရစ္စဘိန်းတွင် အခြေချနေခဲ့သောမြန်မာပြည်သား ဗုဒ္ဓဘာသာများအတွက် ဤကျောင်း တိုက်ကြီးပေါ်လာလိမ့်မည်ဟု အိပ်မက်မက်ခဲ့ကြမည် မဟုတ်ပေ။ ယခုမူ ပီနန်ဆရာတော် ကြီးနှင့် ဒေါက်တာဇာဂရာဘိဝံသတို့၏ သာသနာပြုမျိုးစေ့ကြောင့်ပေါက်ဖွားလာခဲ့သော သာသနာပြု ဆရာတော် မှာဒေါက်တာဓမ္မာစာရ ပင်ဖြစ်သည်။ တစ်ဖန် ဆရာတောဒေါက်တာ ဓမ္မာစာရနှင့်ဒေါက် တာကစ္စာယ န၊ဦးသုနန္ဒ၏ကြိုးစားမှုကြောင့် ဤဇေတ၀န်ကျောင်းတိုက် ဘရစ္စဘိန်းမြို့ တွင်ပေါ်လာ ခဲ့သည်မှာလေးနှစ် တာကာလဘာမျှမကြာလှသေးပေ။ ထိုကြိုးစားမှုကို ဖွံ့ဖြိုးစေရန် ယခုအခါတွင်ဒေါက်တာ အရှင်ကစ္စာယနနှင့် ဦးသုနန္ဒတို့က လက်တွဲဆောင်ရွက်နေကြပါသည်။ထေရ၀ါဒငါးနိုင်ငံအနက်နိုင်ငံခြား သာသနာပြုရာ တွင်မြန် မာထေရ၀ါဒသည်အမြဲလိုလိုနောက် ကျလေ့ရှိပေသည်။ ဘရစ္စဘိန်းတွင် ထိုင်းကျောင်းနှင့် သီရိလ င်္ကာ၊လောနိုင်ငံမှကျောင်းတို့သည်မြန်မာတို့ ထက်ကျောင်းအရေအတွက်လည်း ပိုများရုံတင်သာ မဟုတ်သေး သံဃာအရေအတွက်ကလည်း များပေသည်။ သူတို့သည်မြန်မာတို့၏ရှေးဦးစွာလည်း သာသနာပြုနှင့် ပြီးဖြစ်ကြပေသည်။မြန်မာတို့ကနောက်ကျသည့် အတွက် သူများထက် ရှေ့ရောက်အောင် ကျော်တက်နိုင်မည် လားဆိုသည်မှာလည်း မသေချာလှပေ။ အကြောင်းကိုရှာသော် စုစည်းအားနည်းသောကြောင့် ဟုတွေ့ ရပေမည်။ ဤမြို့တွင်တစ်ကျောင်းတည်းရှိ၍ ပုံအောမည်ဟု မထင်မှတ်ကြပေနှင့် ပုံမှန်ရုံသာ ရှိပေသည်။ ဤလိုနေရာမျိုးတွင်သူတို့ ကိုးကွယ်နေသော ရဟန်းများမှာ မဟာဝိဇ္ဇာနှင့်ဒေါက်တာဘွဲ့ရ ရဟန်းတော် များဖြစ်ပေရာ ကံကောင်းသည်ကို မမေ့သင့်ကြပေ။ မနေ့ညက ဒကာမတစ်ဦးက ကျောင်းထိုင်ဆရာတော်ကို အလိုမကျသဖြင့် ဖုန်းဆက်ပြီး ရန်တွေ့နေသည်ကို ကြားနေခဲ့ရာ စာရေးသူမှာ ကိုရီးယားနေစဉ် သုံးနှစ်အတွင်း ဤကဲ့သို့ ဒကာနှင့်ဒကာမများထံမှ ရန်တွေ့ မခံရသည်မှာ ကံကြီးပေ ၍ဖြစ်နိုင်ပေ သည်။ကျောင်းထိုင်ဘုန်းကြီးကတရားသဖြင့်ကျေနပ်စေကြောင်း ကုသိုလ်ရစေရန်ဖျောင်း ဖျနေခဲ့သော် လည်းဖုန်းဆက်ပြောနေသော ထိုဒကာမ၏လေသံက မာနသံအပြည့်နှင့်ဖြစ်ပေသည်။ ထိုဒကာမ မျိုးများစွာအား ကထိန်တရားကို ဤနေ့တွင် စာရေးသူကဟောပြရမည်ဖြစ်ပေရာ မလွယ်ကူလှပေ။ ဘုရား သားတော်ပီပီ အင်္ဂုလိမာလချွတ်ခန်းကို အာရုံယူကာ ဟောမည်ကဲ့သို့ ရှိချေသည်။

 နံနက်စောစောထပြီး နာရီဝက်ကျော်ကျော် ဘုရားဝတ်ပြုကြကာ အရုဏ်ဆွမ်း ဘုဉ်းပေးခဲ့ ကြပါသည်။ ထို့နောက် တစ်နာရီခန့်အကြာတွင် ဧည်သည်များ တဖွဲဖွဲရောက်လာခဲ့ကြပါသည်။ မကြာမီပင် သံဃာတော် များလည်းကြွလာခဲ့ ကြပါသည်။ သီရိလင်္ကာမှသုံးပါး၊ ကမ္ဘောဒီးယားမှနှစ်ပါး၊ မလေးရှားမှတစ်ပါး၊ သြစတေး လျမှတစ်ပါးမြန်မာမှငါးပါးစုစုပေါင်း ဆယ်ပါးကျော်ပါသည်။ခေတ္တမျှ စကားစမြည်ပြောဆိုကြပြီး ကထိန်တ ရားဟောကြားရန်ဓမ္မာရုံဆီသို့ ကြွခဲ့ကြပါသည်။ စာရေးသူ၏ တာဝန်မှာ ကထိန်တရားကို ဟောရန်သာဖြစ်ပြီး သီလပေးတာဝန်ကိုဒေါက်တာဓမ္မာစာရက တာဝန်ယူပြီး ကထိန်အကြောင်းကိုလည်း သူက ရှင်းပြပါသေး သည်။သံဃာတော်များကမေတ္တသုတ်ရွတ်ဖတ်ကြပါသည်။ဤတွင်နောင်ကျသောသံဃာနှစ် ပါးကြောင့်နေ ရာအခက်အခဲဖြစ်သွားခဲ့ရပါသည်။ဓမ္မာရုံသည် သံဃာဆယ်ပါးထိုင်ခုံဖြင့် တန်းစီထိုင် လိုက်သော် အတော်ပင် ကျဉ်းမြောင်းနေသဖြင့်ခုံရွေ့သံ၊နေရာထိုင်ခင်း စီမံသံတို့ကြောင့် ဆိတ်ငြိမ်မှု ပျက်ပြားခဲ့ရပေသည်။ စာရေး သူလည်း တရားဟောရန် မိုက်နှင့်အလှန်း ဝေးသွားပေသည်။

Read more...

မြတ်စွာဘုရား

ဒေါက်တာအရှင်နန္ဒက

Please wait while JT SlideShow is loading images...
Photo Title 1Photo Title 2Photo Title 3
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday112
mod_vvisit_counterYesterday106
mod_vvisit_counterThis week703
mod_vvisit_counterLast week715
mod_vvisit_counterThis month1946
mod_vvisit_counterLast month1108
mod_vvisit_counterAll days23646

Who's Online

We have 13 guests online
11

Hosting အလှူရှင်

HOSTING
 buttom4    buttom4
06